Sunday, March 4, 2018
ဘလော့ဂါဆိုတာဘာလဲတဲ့
ဘလော့ဂါဆိုတာဘာလဲတဲ့
ကိုမောင်ပေါက်ဆိုဒ်မှာတင်ထားတဲ့ပိုစ်လေးကိုနှစ်သက်လို့ဆွဲလာတာပါ
ပြောရတော့ခက်ပါ့အမောင်ရာ Google မှာရိုက်ရှာလိုက်ရင်တွေ့ ပါတယ် သာပေသည့် သို့ ပေမယ်လို့ မပြောမပြီး မတီးမမြည်ဆိုသလိုပ  ပြောရအုံးမယ်ပေါ့
ဘလော့ဂါဆိုတာဘာလဲလို့ မေးတာလား
ဘလော့ဆိုတာဘာလည်းလို့ မေးတာ
လား ပြန်ကြည့်လိုက်အုံး .အင်းတွေ့ ပြီဘလော့ဂါဆိုတာ ဘာမှမဟုတ်လောက်ပါဘူးအလားကားရတော့ဟိုလူလုပ်ဒီလူလုပ်
 ဆိုတော့အလကားရတော့ ထလုပ်
ကြတာနေမှာ လုပ်ခါစကတော့တရေးနိုး လမ်းထပြီး လျှောက်သလိုစမ်းတ၀ါးဝါး
ပေါ့ဗျာ မွေးကာစကလေးလိုပဲ ဘယ်သူမှမသိကြပါဘူး နောက်တော့ကြိုးစားရင်
ကြိုးစာသလို နာမည်ရလာ သိလာကြီးလာအောင်မြင်လာကြတာပါ ဘလော့ဂါ
ဆိုတာ  မဒိုးကန်ပြောသလိုပဲ ပိုက်ဆံမရပဲ ဂျီးဒေါ်နွား  အလကားကျောင်းတဲ့သူ
တွေလေ စာရေးတာ အအိပ်ပျက်တယ် အစားပျက်တယ် အကုန်ပျက်ရ တာ
ပါပဲ ဘလော့လုပ်ထဲက ကောင်းကောင်းမအိပ်ရဘူး လုပ်နိုင်တဲ့ဘလော့ဂါတွေ
အကုန်လုံး အလေးပြုသင့်ပါတယ် ဘလော့ဆိုတာ ဘာလဲ .......လို့ မေးတဲ့သူ
အတော်များပါ တယ်အရှင်းဆုံးပြောရရင်ကွာ ဘလော့ဆိုတာ မြန်မာပြည်မှာ
ဂျာနယ်အလကားထုတ်ပီး လမ်းဘေးပုံထားသလိုပါပဲလို့  ဘာမှမရဘူးဖတ်ချင်
တဲ့သူဖတ် မဖတ်ချင်လည်းနေပေါ့လို ဟုတ်ဘူးလား အလကားထုတ်ရတာလေ
ဝါသနာအရ ဘာမှပြန်မရဘူးတချို့ ဝါသနာတအားကြီးသွားတော့ အလကားမ
ဟုတ်ကြတော့ဘူ ဒိုမိန်းတွေနဲ့ လေပိုက်ဆံ ကုန်တာပေါ့ နောက်တူတာရှိသေး
တယ် ဘလော့ဆိုတာ ရေဒီယိုလှိုင်းလွှင့်သလိုပါပဲလို့ ကိုယ့်ပိုင်လိုင်းကနေလွှင့် 
ချင်ရာလွှင့် မယ် နားထောင်ချင်တဲ့သူ ထောင်မယ် သိချင်မှ သိမယ်ပေါ့ တစ်ခါ
တလေ နားဆင်သူက လျှောက်လှည့်ရင်းနဲ့  ကိုယ့်ရဲ့လိုင်းကိုမိမယ် နားထောင်
ကောင်းရင်ထောင်မယ် ထောင်မကောင်းရင် နောက်တစ်လှိုင်းပြောင်းမယ်ပေါ့ 
အဲ့လို..အဲ့လို ဒီတော့..ဘလော့ဂါဆိုတာ ဘာမှမရပဲ ၀ါသနာအရ လေလှိုင်းထဲ
မှာလွင့် တင်ထားတဲ့ အခမဲ့ရေဒီယိုလှိုင်းတစ်ခုပေါ့ ...အင်း..ဒီအမောင်လုပ်မှပဲ
ဘလော့ဂါတွေက လမ်းဘေးက အခမဲ့စာအုပ်ပုံလို..အလကားလွှင့်တဲ့လိုင်းဖြစ်
လိုဖြစ်ပေါ့ ..ရှိစေတော့ဟာ..သူများတွေလည်း ဖွင့်ဆိုနေကြတာပဲ မတူအောင်
တွေးမိတာလေးတွေ ဖွင့်တာပါ မမအိန်ဂျယ် ပြောထားသလို အနုပညာပန်းခင်း
ကြီးဆိုလည်း ဟုတ်နေတာပဲ ရသကတော့စုံမှ စုံ လွန်းလို့ ..ဟိဟိ ပြောမပြော
ချင်ဘူး  တခါတလေ စုံတက်နေလို့  မနဲပြန်လာရတယ် တချို့ ဆို ဘလော့ဂါ
လောကမှာဒေါက်တာတွေ ဘာတွေနဲ့ ..သိတဲ့သူများ ကတော့ ငါးသလောက်
ပြုံးလေးပြုံးနေကြမှာပါ..အဲလို ..အဲလိုပဲ ..အမောင်တို့ ကတော့ မဟုတ်ရပါဘူး
နည်းပညာမျှဝေတာပါ ဘလော့ပေါ်ကဆိုတော့  နိုင်ငံပေါင်းစုံက လေ့လာလို့  
ရတာပေါ့ တစ်ယောက်ထဲရေးတာနဲ့ အားလုံးဖတ်ကြရတယ် တစ်ခုထူးခြားတာ
လေးက ဘလော့ဂါရွာလေးဟာ အခုတလော တဂ်ပို့ စ် လေးတွေနဲ့  အရမ်းအ
ရမ်းလှ ဖလမ်း ဖလမ်းထ အိမ်ကရည်းစား နန္ဒာလှိုင်ထက်တောင်ချောနေသေး
တယ် အရမ်းကို နွေးထွေးတဲ့ .. နေရာလေးတစ်ခုပါဗျာ....... မာမီအန်တီတင့်
(ဒီကိစ္စကွိုင်မလားပဲ) ပြောသလို..........
ဘလော့ဂါဆိုတာ ဒီမှာနှိပ်(အန်တီမာမီတင့်ရေးထားတာ)
ဘလော့ဂါဆိုတာ ဒီမှာနှိပ်(ဦးလေမိုးယံရေးထားတာ)
ဘလော့ဂါဆိုတာ ဒီမှာနှိပ်(ဒဂျီးမင်းကိုကိုမောင်(မဆိုသူတွေလိုနေမယ်..တချင်းနော်)
ဘလော့ဂါဆိုတာ ဒီမှာနှိပ်(မမအင်ဂျယ်..မှားလို့ ..အိန်ဂျယ်ရေးထားတာ.)
ဘလော့ဂါဆိုတာ ဒီမှာနှိပ်(မဒိုးကန်ရေးတာဘလော့ဂါပွဲစား နေရာတကာတွေ့ တယ်)
ဘလော့ဂါဆိုတာ ဒီမှာနှိပ်(မမရွှေစင်ရေးတာပါ)
ဘလော့ဂါဆိုတာ ဒီမှာနှိပ်(ဘုန်းဘုန်တောက်ပကြယ်စင်ရေးတာပါ)
ကဲတွေ့ သမျှလင့်တွေနဲ့ ပဲ ပွဲထုပ်လိုက်တယ်ဘလော့ဂါဆိုတာအဲ့ဒါပဲ.........။
ကျနော့အထင်နဲ့ စိတ်ပါခင်ဗျာ လူတစ်ကိုယ်စိတ်တမျိုးဆိုတော့မတိုက်ဆိုင်မှု
များပါရှိပါကသီးခံခွင့်လွတ်ပေးကြပါရန် နဲ့  ကျနော်ထင်တဲ့ဘလော့ဂါဆိုတာ.။
(၁)စေတနာ...ကိုယ့်ဘလော့ကိုလာရောက်ဖတ်ရှုလေ့လာသူတွေကိုစေတနာ
ထားပြီး နည်းပညာ ဗဟုသုတရစေချင်စိတ်ထားပြီး ရေးနေရပါမယ်ကိုယ်တိုင်
လည်းပေးနိုင်အောင်ကြိုးစားရပါမယ်.သုတရသကဗျာစာပေအားလုံအတူတူပါ
ပဲအားလုံအတွက် စာဖတ်သူတွေအတွက် တစ်ခုခု၇အောင် အလကား အခမဲ့
လုပ်နေကြတာပါ  ဘာမှပြန်ရဖို့  မမျော်လင့်ကြတဲ့အတွက်   ဟန်ဒရက်ပါစန့် 
(100%)စေတနာပါ.......။
(၂)၀ါသနာ...၀ါသနာပါမှသာလျှင် အခုလိုအိပ်ရေးပျက်ခံပြီး ရေးနေနိုင်တာပါ
ဘယ်သူကမှဓားနဲ့ ထောက်ခြိမ်းခြောက်ရေးခိုင်းတာမဟုတ်ပါဘူး ဘာရတုံးဆို
ဘာမှတော့မရပါ..စေတနာထားလိုက်တော့ ပီတိတော့ရတယ်မ တတ်သေးတဲ့
သူလေးတွေတတ်အောင် မသိသေးတဲ့သူလေးတွေသိအောင် လေ့လာခဲ့သမျှ
ကိုပြန်လည်ဖောက်သည်ချခြင်းပါ ၀ါသနာက ပါနေတော့အိပ်ရေးပျက်ခံနိုင်မယ်
မပျင်းမရိေ၇းနိုင်မယ်ဒါပါပဲ.........။
(၃)အနစ်နာ...ဘာမှမရပဲနဲ့ ရေးနေတာ ကိုယ့်စားရိတ်ကိုယ်စားပြီးအချိန်ကုန်
ငွေကုန်ဗျာ မတော်ရင် ကျန်းမာရေးကိုပါထိခိုက်အုံးမယ် တစ်ခုခုရမှတစ်ခုခု
ပေးမယ်ဆိုတဲ့ စကားကိုသုံးလို့ မ၇တော့ဘူး ရသည်ဖြစ်စေ မရသည်ဖြစ်စေ
ကိုယ်အရင်ရေးခဲ့ကြတဲ့ သူတွေလည်းဒီလိုပဲနေမှာပါပဲ ဘာရတုံးဆို ဘာမှမရ
ပါဘူး  နားရမယ့်အချိန်တွေထဲက  မနားပဲ  အနစ်နာခံပြိး  ရေးနေကြတာလို့ 
ကျနော်ထင်ပါတယ်  အဲ့ဒါစေတနာ  ၀ါသနာကြောင့် ဖြစ်လာတဲ့ အနစ်နာပါ
တကယ်တော့  ဘလော့ဂါတွေ ဆိုတာ အင်တာနက်စာမျက်နှာရဲ့ အခမဲ့
လေလှိုင်း(သို့ မဟုတ်) လမ်းဘေးမှာချထားပီး ရှင်ဘုရင်မှအစ သူတောင်းစား
အဆုံး စိတ်ကြိုက်ဖတ်ရှုလို့  ရတဲ့ အလကား ပိုက်ဆံမပေးရတဲ့ အခမဲ့စာအုပ်
ကြီးတစ်အုပ်ပါလို့ ..ပြောကြားရင်း 
ဒီပိုစ်လေးကိုဖတ်မိသူတိုင်းဘလော့ဂါများကိုကိုယ်ချင်းစာနိုင်ကြပါစေလို့
ဆန္ဒပြုရင်း
ဘလော့ဂါတွေအားလုံးကိုလေးစားလျှက်
မောင်လေ့
Share This
Previous Post
Next Post
Pellentesque vitae lectus in mauris sollicitudin ornare sit amet eget ligula. Donec pharetra, arcu eu consectetur semper, est nulla sodales risus, vel efficitur orci justo quis tellus. Phasellus sit amet est pharetra
0 Comments: