Monday, May 27, 2019

နှေး​ကွေးနေတဲ့ သင့် Laptop ကို မြန်ဆန်အောင်လုပ်ပေးမယ့် အချက် ၇ ချက် ”



 သင့်ရဲ့ Laptop ဟာ ၀ယ်ခါစတုန်းကထက်စာရင် အလုပ်လုပ်တဲ့နေရာမှာ ပိုပြီးနှေးကွေးသွားပြီဆိုတာ သင်သတိပြုမိတယ်ဆိုပါစို့။ သင်ဘာလုပ်မလဲ။ အလုပ်လုပ်တာ ပိုမြန်မယ့် နောက်အသစ်တလုံး ထပ်ဝယ်ဖို့ကလည်း သင့်အတွက် ခက်ခဲကောင်း ခက်ခဲ နေပါလိမ့်မယ်။ အဲဒီအတွက် အကုန်အကျသက်သာမယ့် ပြုပြင်မွမ်းမံမှုတွေကို သင်ကိုယ်တိုင် ပြုလုပ်ရ တော့မှာပါ။ ဒါဆိုရင်တော့ အောက်မှာ ရေးသားထားတဲ့ အချက် ၇ ချက်ကို စမ်းသပ်လုပ်ကိုင်ကြည့်ပါ။ သင့် Laptop ပိုမိုမြန်ဆန်လာတာ တွေ့ရပါလိမ့်မယ်။အောက်မှာဖော်ပြထားတဲ့အချက်တွေဟာ အမေရိကန်အခြေစိုက် Laptopမဂ္ဂဇင်းအဖွဲ့က လက်တွေ့ စမ်းသပ်ထားတဲ့ အချက်တွေပါ။ စမ်းသပ်တဲ့နေရာမှာ အင်မတန်နှေးကွေးတဲ့ xp နဲ့ vista ၀င်းဒိုးစနစ် သုံး Laptop နှစ်လုံးကို အသုံးပြုခဲ့ပါတယ်။၁။ သင့် Laptop ကို memory(၀ါ)RAM ပမာဏထပ်တိုးပါRAM လို့ခေါ်တဲ့ memory ပမာဏထပ် တိုးတာဟာ အလွန်နှေးကွေးတဲ့ ကွန်ပြူတာတွေကို ပိုမို မြန်ဆန်အောင်လုပ်ပေးမယ့် နည်းများစွာထဲက တခုပါဘဲ။ RAM ထုပ်လုပ်တဲ့ Crucial စက်ရုံရဲ့အဆိုအရ ဆိုရင် ၀င်းဒိုးXP အတွက် RAM ပမာဏ အနည်းဆုံး 1GB ရှိရမှာဖြစ်ပြီး ၀င်းဒိုးVista အတွက်ကတော့ အနည်းဆုံး 2GB ရှိရမှာပါ။ RAM ပမာဏ ပိုများတာနဲ့အမျှ သင့်ကွန်ပြူတာဟာ ပိုမိုမြန်ဆန်လာမှာဖြစ်ပြီး ပရိုဂရမ်များကိုလည်း တပြိုင်တည်းအသုံးပြုနိုင်လိမ့်မယ်လို့ သိရပါတယ်။Laptop မဂ္ဂဇင်းအဖွဲ့ရဲ့စမ်းသပ်မှုအရ 358 MB အရွယ်ရှိတဲ့ ဖိုင်တခုကို RAM ပမာဏ 1GB နှင့် zip ဖိုင်လုပ်ရာတွင် ၁ နာရီ ၄၅ မိနစ်ခန့်အချိန်ကြာခဲ့ပြီး RAM ပမာဏ 2GB နှင့်အစားထိုးစမ်းသပ်ရာတွင် ၁ နာရီ ၁၀ မိနစ်ခန့်သာ အချိန်ကြာခဲ့သည်။၂။ ကွန်ပြူတာတွင်းရှိဖိုင်များကို Disk Defragmenter အသုံးပြုပြီးနေရာတကျစီပါသင့် Laptop ထဲကဖိုင်တွေကို တလမှာဘယ်နှစ်ခါ စီပေးရမယ်လို့တော့ အတိအကျပြောလို့မရပါ ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ သင့်ရဲ့ကွန်ပြူတာအသုံးပြုမှုအချိန်ပမာဏပေါ်မူတည်ပြီးမှ ဆုံးဖြတ်လို့ ရမှာဖြစ်လို့ပါဘဲ။ သင့်ကွန်ပြူတာဟာ အသုံးပြုမှုများမယ်၊ Software တွေသွင်းလိုက်၊ဖျက်လိုက်မကြာ ခဏလုပ်မယ်ဆိုရင် ကွန်ပြူတာ Hard Disk ထဲမှာရှိတဲ့ ဖိုင်တွေဟာ ဟိုတစ ဒီတစနဲ့ပြန့်ကျဲနေပါလိမ့်မယ်။ အဲဒီအခါမှာ သင်က ကွန်ပြူတာကို ဖိုင်တခု(သို့)application တခုကို ဖွင့်ခိုင်းလိုက်မယ်ဆိုပါစို့။ သင့် ကွန်ပြူ တာဟာ သူ့ရဲ့ Hard Disk ထဲမှာရှိတဲ့ ပြန့်ကျဲနေတဲဖိုင်တွေထဲက သင်လိုချင်တာကို တစစီလိုက်ကောက် ပေးနေရတဲ့အတွက် အချိန်မကြာသင့်ဘဲကြာသွားရပါတယ်။ သင့်ကွန်ပြူတာထဲက ဖိုင်တွေကို စီပေးချင်း အားဖြင့် ဒီအချိန်ယူမှုကို လျော့ချနိုင်ပါတယ်။ အဲဒီအတွက် Start – All Programs – Accessories – System Tools ကိုအဆင့်ဆင့်သွားပါ။ System Tools ထဲက Disk Defragmenter ကို နှိပ်ပြီး သင့်ကွန်ပြူတာ Hard Disk ထဲက ဖိုင်တွေကို နေရာတကျစီပေးလိုက်ပါ။Laptop မဂ္ဂဇင်းအဖွဲ့ရဲ့စမ်းသပ်မှုအရဆိုရင် ဖိုင်စီပြီးနောက်ပိုင်း ကွန်ပြူတာဖွင့်တဲ့နေရာမှာ ၀င်းဒိုး တက်တာ ပိုမြန်လာတာကိုတွေ့ရပါတယ်။ နောက်ပြီး ပရိုဂရမ်တွေကို ဖွင့်တဲ့နေရာမှာလည်း ပိုမိုမြန်ဆန် လာပါတယ်။ နောက်ထပ်စမ်းသပ်မှုတခုအနေနဲ့ ‘find me.txt’ လို့အမည်ပေးထားတဲ့ ဖိုင်တခုကို Hard Disk ရဲ့ အတွင်းကျကျနေရာမှာ သိမ်းဆည်းပြီး ကွန်ပြူတာကို ရှာခိုင်းခဲ့ပါတယ်။ ဖိုင်မစီပေးခင်တုန်းကဆိုရင် ရှာခိုင်းတဲ့ဖိုင်ကို တွေ့ဖို့ ၂၂ စက္ကန့်အချိန်ကြာပြီး ဖိုင်စီပြီးနောက်ပိုင်းရှာခိုင်းတဲ့အခါ ၆ စက္ကန့်သာ အချိန် ကြာခဲ့ပါတယ်။၃။ သိပ်ပြီးအရေးမကြီးတဲ့ program တချို့ကို ပိတ်ထားပါတချို့ Laptop တွေဆို စဖွင့်လိုက်တာနဲ့တပြိုင်ထဲ ၀င်းဒိုးစနစ်နဲ့အတူ သင်သိပ်မသုံးတဲ့ပရိုဂရမ်တွေ အလိုလျှောက် အလုပ်လုပ်ပြီး ပွင့်လာပါတယ်။ ဒါကြောင့် ကွန်ပြူတာဟာ သင်မသုံးခင်ကတည်းက နှေး ကွေးသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ပရိုဂရမ်တွေဟာ သင့်ကွန်ပြူတာရဲ့ RAM ပမာဏ တချို့နဲ့ CPU အားကို သုံးစွဲလိုက်လို့ဘဲ။ ဒါကြောင့် ကွန်ပြူတာစဖွင့်ဖွင့်ခြင်း ၀င်းဒိုးစနစ်နဲ့လိုအပ်တဲ့ system ဖိုင်တ ချို့ကိုသာ အလုပ်ပေးလုပ်စေသင့်ပါတယ်။ သိပ်အရေးတကြီးသုံးမှာမဟုတ်တဲ့ Google Talk,iTune, Quicktimeplayer တို့လို ပရိုဂရမ်ဖိုင်တွေကို ပိတ်ထားသင့်ပါတယ်။ အဲဒီလိုပိတ်ဖို့အတွက် ၀င်းဒိုးXP မှာ Start – Run ကိုနှိပ်ပြီးပေါ်လာတဲ့ အကွက်ထဲမှာ msconfig ဆိုပြီးရိုက်ထည့်လိုက်ပါ။ ပေါ်လာတဲ့ box ထဲက serviecs နဲ့ startup ဆိုတဲ့ခေါင်းစဉ်အောက်မှာ ကွန်ပြူတာဖွင့်ဖွင့်ချင်း အလုပ်မလုပ်စေချင်တဲ့ဟာတွေမှာ အမှန်ခြစ်ထားတဲ့ အမှတ်လေးတွေ့ရင် ကလစ်နှိပ်ပြီး ဖြုတ်လိုက်ပါ။ ၀င်းဒိုး Vista မှာဆိုရင်တော့ Search box ကနေ့တဆင့် သွားရောက်ချိန်ညှိရမှာပါ။အဲဒီလိုချိန်ညှိတဲ့နေရာမှာ သင့်အနေနဲ့တခုသတိထားရမှာက ၀င်းဒိုးစနစ်အလုပ်လုပ်ဖို့ ကူညီပေးတဲ့ system ဖိုင်တွေကို သွားပြီးပိတ်မထားမိစေဖို့ပါဘဲ။ ဒါကြောင့် သင့်အနေနဲ့ ဘယ် program တွေကို ပိတ်ထားရမယ်ဆိုတာ မသေချာဖြစ်နေရင် အတန်အသင့် နားလည်တတ်ကျွမ်းတဲ့ မိတ်ဆွေတွေကို အကူညီတောင်းပြီး လုပ်ခိုင်းတာအကောင်းအဆုံးပါဘဲ။ မိတ်ဆွေကလည်း မကူညီနိုင်ဘူးဆိုရင်တော့ အင်တာနက်ပေါ်က အခမဲ့အသုံးပြုခွင့်ပေးထားတဲ့ PC Decrapifier (www.pcdecrapifier.com) ပရိုဂရမ်ကိုအသုံးပြုပြီး မလိုအပ်တဲ့ ပရိုဂရမ်တွေကို ပိတ်ထားသင့်ပါတယ်။ အဲဒီလိုချိန်ညှိလိုက်ခြင်းအားဖြင့် Laptop ရဲ့အလုပ်လုပ်နှုန်း ပိုမြန်လာတာကို တွေ့ရပါတယ်။၎။ သင့် Laptop ရဲ့ စနစ်ပိုင်းဆိုင်ရာကို အကောင်းဆုံးဖြစ်အောင် ချိန်ညှိပါသင့် Laptop ဟာ သုံးစွဲတာကြာလာတာနဲ့အမျှ registry တွေအမှားတွေဖြစ်ပေါ်လာတတ်ပါတယ်။ ဒါမှမဟုတ် program တွေ, software တွေကို စနစ်တကျ ထည့်သွင်းခြင်း ဒါမှမဟုတ် စနစ်တကျ ဖယ်ရှားခြင်းတွေ မလုပ်တဲ့အတွက် စနစ်ပိုင်းဆိုင်ရာမှာ အမှားတွေဖြစ်လာပါတယ်။ ဒီအတွက်သင့် Laptop နှေးကွေးသွားပါလိမ့်မယ်။ ဒီစနစ်ပိုင်းဆိုင်ရာတွေချိန်ညှိဖို့ သင့်အနေနဲ့ ခက်ခဲကောင်းခက်ခဲနေမယ်ဆိုရင် တော့ ပိုက်ဆံအနည်းငယ် အကုန်ခံရပါလိမ့်မယ်။ အမေရိကန်ဒေါ်လာ ၅၀ တန်ဖိုးပေးဝယ်ရတဲ့ iolo System Mechanic 7 ပရိုဂရမ်ကိုအင်တာနက်ပေါ်ကတဆင့်ဝယ်ယူပြီးအသုံးပြုဖို့တိုက်တွန်းပါရစေ။Laptop မဂ္ဂဇင်းအဖွဲ့ကနေ iolo System Mechanic 7 ပရိုဂရမ်အသုံးပြုပြီး ၀င်းဒိုး XP သုံး Laptop ကို စစ်ဆေးလိုက်တဲ့အခါ registry အမှားပေါင်း ၃၁၂ ခုနဲ့ Hard Disk ထဲမှာလည်း အမှားအယွင်း တွေရှိတာတွေ့ရပါတယ်။ အဲဒီအမှားတွေကို ပြန်လည် ပြင်ဆင်ပြီး စမ်းသပ်တဲ့အခါမှာတော့ XP ၀င်းဒိုးသုံး Laptop ဟာ အလုပ်လုပ်တဲ့နေရာမှာ အရင်ကထက် ၂ စက္ကန့်ပိုမြန်လာတာကို တွေ့ရပါတယ်။တဆက်တည်း ၀င်းဒိုး Vista သုံး Laptop ကို စစ်ဆေးကြည့်တဲ့အခါ spyware ၂ ခု၊ registry အမှားပေါင်း ၁၅၄ ခုနဲ့ Hard Disk အမှားအယွင်းဖြစ်နေတာကို တွေ့ရပါတယ်။ အဲဒီအမှားတွေကို ပြုပြင် ပြီးနောက်တကြိမ်စက်ကို အသုံးပြုကြည့်တဲ့အခါမှာ အရင်ကထက် ၈ စက္ကန့်ပိုမိုမြန်ဆန်လာပါတယ်။၅။ Search Indexing ကိုပိတ်ထားပါSearch Indexing ကိုဖွင့်ထားမယ်ဆိုရင် သင့် Laptop နှေးကွေးသွားပါလိမ့်မယ်။ အဲဒါကို ပိတ်ဖို့အတွက် ၀င်းဒိုး XP နဲ့ Vista နှစ်ခုစလုံးမှာ နည်းလမ်းအတူတူပါဘဲ။ My Computer ကနေတဆင့် Hard Disk ဆီကိုသွားပါ။ Hard Disk အမှတ်အသားပေါ်မှာ မောက်စ် right click နှိပ်ပြီး Properties ကို နှိပ်လိုက်မယ်ဆိုရင် box တခုပေါ်လာပါလိမ့်မယ်။ General Tab အောက်က “Allow Indexing Service to index this disk for fast file searching” ကို အမှန်ခြစ်ထားတာတွေ့တယ်ဆိုရင် ဖြုတ်ပေးလိုက်ပါ။ ဒါဆိုရင် သင် Search Indexing ကို ပိတ်ပြီးသွားပါပြီ။စမ်းသပ်မှုအရ Search Indexing ကိုပိတ်လိုက်ခြင်းအားဖြင့် ၀င်းဒိုး နှစ်ခုစလုံးမှာ စက္ကန့် ၃၀ ခန့် ပိုမိုမြန်ဆန်လာတာတွေ့ရပါတယ်။၆။ သင့် Laptop ထဲက Spyware တွေကိုသတ်ပါSpyware ဆိုတာ သင်မသိအောင် သင့် Laptop ထဲမှာ အလုပ်လုပ်နေတဲ့ ဆော့ဖ်ဝဲတမျိုးပါဘဲ။ အဲဒီ Spyware အမျိုးအစားဆော့ဖ်ဝဲတွေက သင့်ကွန်ပြူတာထဲမှာ ဘာတွေရှိတယ်၊ သင်ဘာတွေလုပ်နေ တယ်ဆိုတာကို Spyware ထုတ်လွှတ်လိုက်သူထံ တိတ်တဆိတ်ပြန်လည်ပို့ဆောင်ပေးနေပါတယ်။ Spyware တွေဟာ အင်တာနက်ကနေတဆင့် သင့်ကွန်ပြူတာထဲကိုဝင်ရောက်လာတာများပါတယ်။ သင့် ကွန်ပြူတာထဲမှာ Spyware ရှိနေတဲ့အတွက် သင့်ရဲ့ပုဂ္ဂိုလ်ရေးလုံခြုံမှုကို ထိခိုက်သလို သင့်ကွန်ပြူတာကို လည်းနှေးကွေးစေပါတယ်။ အဲဒီ Spyware တွေကို ရှာဖွေဖော်ထုတ်ပြီးသတ်ဖို့အတွက် Spybot Search & Destroy ဆိုတဲ့ဆော့ဝဲကို (www.safer-networking.org/en) မှာဒေါင်းလုပ်ပါ။ ပြီးတော့ သင့်ကွန်ပြူ တာကို မကြာခဏစစ်ဆေးပေးလိုက်ရုံနဲ့ Spyware တွေရဲ့ရန်ကို အထိုက်လျှောက်ကာကွယ်ပြီးသားဖြစ် သွားသလို အလုပ်လုပ်တာလည်း ပိုမြန်သွားပါလိမ့်မယ်။စမ်းသပ်မှုအရ အဲဒီအခမဲ့ရနိုင်တဲ့ Spybot Search & Destroy ဆော့ဖ်ဝဲဟာ Spyware တွေကို ရှာဖွေနှိမ်နှင်းပေးတာတွေရပါတယ်။ အဲဒီတော့သင့်ကိုလည်း Spybot Search & Destroy ဆော့ဖ်ဝဲအ သုံးပြုဖို့ ထောက်ခံပါတယ်။၇။ စနစ်နောက်ကွယ်က သိပ်အရေးမကြီးတဲ့ update service တွေကိုပိတ်ထားပါသင့်ကွန်ပြူတာဟာ တခါတလေ သိပ်ပြီးအရေးမကြီးတဲ့ Google Earth, Google Toolbar နဲ့ တခြား Google နဲ့ပတ်သက်တာတွေကို သင့်နောက်ကွယ်မှာ update လုပ်ဖို့အလိုလျှောက်ကြိုးစားနေ တတ်ပါတယ်။ ဒါတွေဟာ ကွန်ပြူတာကို အလုပ်များစေတဲ့အတွက် လုပ်ငန်းလုပ်ရာမှာ နှေးကွေးသွားစေ ပါတယ်။ အဲဒါတွေကို ရှာဖွေပြီးပိတ်ဖို့ Run box ထဲမှာ services.msc ဆိုပြီးရိုက်ထည့်လိုက်ပါ။ သင့်ကွန် ပြူတာထဲမှာရှိတဲ့ service တွေပေါ်လာပါလိမ့်မယ်။ အဲဒီထဲက သင့်အနေနဲ့ မလိုအပ်ဘူးလို့ ယူဆတဲ့ဟာကို မော့က်စ် right click နှိပ်ပြီး properties ကို ခေါ်လိုက်ပါ။ properties box ထဲက startup type ဆိုတဲ့ ဘေးအကွက်ထဲမှာ manual ဒါမှမဟုတ် disable ကို ပြောင်းပေးလိုက်ပါ။ လက်တွေ့စမ်းသပ်မှုအရ ကွန် ပြူတာ ပိုမိုမြန်ဆန်လာတာတွေ့ရပါတယ်။Credit...
ကျွန်တော်တင်လိုက်တဲ့ပိုစ်တစ်ခုကြောင့်သူငယ်ချင်းများအသုံး ၀င်သွားတယ် ဆိုရင်ပဲဝမ်းသာလှပါပြီအားပေးကြသောဘလော့ကာသူငယ်ချင်းများကိုလဲ ကျေးဇူးတင်ပါတယ် အဆင်​မ​ပြေတာများရှိရင်​ Commentမှာ​ပြောခဲ့ပါခမျ...Like&Share​လေး​လေး အဆင်​​ပြေတယ်​ဆို လုပ်​​ပေးသွားပါအုံးခမျ☺😊😍😍😍

Thursday, January 31, 2019

Window Update ပိတ်နည်းများ

Window Update ပိတ်နည်းများ




 မင်္ဂလာပါ ဘလော့ခရီးသည် နည်းပညာမျှဝေချင်း ဘလော့ဆိုဒ်လေးကိုပြန်လည် အသက်သွင်းနေပါပြီ နည်းပညာနှင့်
ပါတ်သက်သမျှ စာအုပ်စာပေများ ။ ဆော့ဝဲလ်များ ။ အခြားဗဟုသုတရစေမည့် နည်းပညာများစာပေမျာ
းကို ဆက်လက် မျှဝေသွားမှာဖြစ်ပါတယ်.. မိမိတို့လိုအပ်သော နည်းပညာများ ဆော့ဝဲလ်များကိုလည်း ဘလော့ခရီးသည် Facebook Page မှာသော်လည်းကောင်း ကျွန်တော့်ရဲ့     
FB  Messsage...မှသော်လည်းကောင်း   လာရောက်တောင်းဆို နိုင်ပါတယ်ခမျ.. ဘလော့ခရီးသည် ဆိုဒ်လေးကို လေ့လာလိုပါက..

ဘလော့ခရီးသည်ဆိုဒ် = www.aungsanit.blogspot.com 
FB Page Link = https://www.facebook.com/aungaungmks/

တို့ကိုဝင်ရောက်လေ့လာနိုင်ပါတယ်။


     စာအုပ်ဒေါင်းရန်
     -----------------
  D O W N L O A D
ကျွန်တော်တင်လိုက်တဲ့ပိုစ်တစ်ခုကြောင့်သူငယ်ချင်းများအသုံး ၀င်သွားတယ် ဆိုရင်ပဲဝမ်းသာလှပါပြီအားပေးကြသောဘလော့ကာသူငယ်ချင်းများကိုလဲ ကျေးဇူးတင်ပါတယ်ဝင်ရောက်အားပေးပါလို့လဲတောင်းဆိုပါရစေကျွန်တော် ဘလော့ထဲမှသင်ကြိုက်နှစ်သက်ရာကိုရိုးသားစွားကူးယူမျှဝေနိုင်ပါတယ် လေးစားစွာဖြင့် နည်းပညာသူချင်းများ

Thursday, January 24, 2019

WinUtilities Professional Edition version 15.46 (Lifetime License)

WinUtilities Professional Edition version 15.46 (Lifetime License)
+++++++++++++++++++++++++++++++++++++++++


 PCအသုံးပြုသူများအတွက်
computerရဲ့စွမ်းဆောင်ရည်ကိုမြှင့်တင်နိုင်တဲ့Toolများစွာပါဝင်တဲ့ 
WinUtilities Professional Editionဆိုတဲ Softwareလေးကိုတင်ပေးမှာဖြစ်ပါတယ်

computerမှာမိမိတို့ မှားဖြတ်မိထားတာတွေကို ပြန်လှန်ဖော်လိုရတယ်နော်
registryကိုနှိပ်ပြီးspeedupအမြဲဖြစ်စေဖို့  စက်ကို နေ့ စဉ် errorဖြစ်နေသောစက်
လေးကွေးနေသောစက် -စသည်များကို ရှင်းလင်းရေးလုပ်ဆောင်ပေးပါတယ်
Windows executable file များကိုလည်းလုံခြုံတဲ့ password နဲ့ကာကွယ်ပေးပါတယ်

System requirements:
OS: Windows XP, Vista, Win7, Win8/8.1, Win10 and later versions (both 32 & 64-bit);
WinUtilities for Windows XP (version 15.00);
WinUtilities for Windows 95/98/Me/2000 (version 5.27).

Install notes:
1. Use given a Serial key to register license;
2. Enjoy!







ကျွန်တော်တင်လိုက်တဲ့ပိုစ်တစ်ခုကြောင့်သူငယ်ချင်းများအသုံး ၀င်သွားတယ် ဆိုရင်ပဲဝမ်းသာလှပါပြီအားပေးကြသောဘလော့ကာသူငယ်ချင်းများကိုလဲ ကျေးဇူးတင်ပါတယ်ဝင်ရောက်အားပေးပါလို့လဲတောင်းဆိုပါရစေကျွန်တော် ဘလော့ထဲမှသင်ကြိုက်နှစ်သက်ရာကိုရိုးသားစွားကူးယူမျှဝေနိုင်ပါတယ် လေးစားစွာဖြင့် နည်းပညာသူချင်းများ

WinISO 6.4.1.6137 Multilingual

WinISO 6.4.1.6137 Multilingual
+++++++++++++++++++++++++

လိုအပ်တဲ့ BIN and ISO အားလုံးအတွက် Winiso ဟာဖြင့် ကမ္ဘာ့ပထမဆုံး ISO image editing software တစ်ခုဖြစ်ပါတယ်.ဒါ့ပြင် .extract, burn, mount, edit and create ISO files and burn ISO image file to Disc directly တို့ကို ပြုလုပ်နိုင်ရုံသာမက create bootable CD/DVD image files, directly edit the boot image and serve as BIN/ISO converter, ISO extractor, ISO burner and ISO editor တို့ကိုပါ ပြုလုပ်နိုင်တဲ့ software တစ်ခုပါ.

WinISO is a professional CD/DVD/Blu-ray image file utility tool that can:
Make disc image files from CD/DVD/Blu-ray Drive
Convert image files between ISO / BIN and other formats. (Including NRG, CCD and MDS image file formats)
Extract, edit, rename ISO files directly
Burn ISO image file to CD/DVD/Blu-ray Disc
Make bootable CD/DVD/Blu-ray Disc images
Mount ISO image files
Bridge and unbridge file systems
Merge duplicate files

Features:
WinISO is capable of creating the ISO file(s) from CD/DVD/Blu-ray Disc Drive and Hard Drive.
Create ISO/BIN/CCD/MDS/NRG file from CD/DVD Drive
Create ISO/BIN/CCD/MDS/NRG file from BD Drive
Create ISO file from Hard Drive
It can serve as ISO Creator

WinISO can also edit the ISO file(s)
Open the ISO file and any other CD/DVD/Blu-ray Disc image files
Add file(s) or folder(s) to the ISO file
Delete the file(s) or folder(s) from the ISO file
Rename the files in ISO file
View and run the files in ISO file
Extract files from ISO file and CD/DVD/BD image file
It is also a versatile ISO Editor

WinISO has ability to convert ISO file(s) and other image files
Convert BIN/CUE to ISO
Convert ISO to BIN/CUE
Convert ISO to MDS
Convert ISO to NRG
Convert ISO to CCD
Convert any other image files to the standard ISO formats.
It can be used as an extraordinary ISO Converter

Using WinISO as the bootable CD/DVD/Blu-ray Disc image file’s editor
Make CD/DVD/Blu-ray Disc bootable image files
Support Bootable CD/DVD/BD
Save bootable information to a bif/img file
Import a bif/img file to CD/DVD/Blu-ray Disc image file and make it bootable
It is an easy-to-use bootable ISO Maker

WinISO can burn ISO file to CD/DVD/Blu-ray Disc for your own needs
Burn the ISO image file to CD/DVD Disc
Burn the ISO image file to Blu-ray Disc
Supports burning image files on-the-fly
A fantastic ISO Burner with amazing burning speed.

WinISO can mount ISO image files
Mount the ISO image file to virtual drive
Supports mounting image files on-the-fly
It can also serve as a marvelous ISO Mount

ဒေါင်းရန်..





ကျွန်တော်တင်လိုက်တဲ့ပိုစ်တစ်ခုကြောင့်သူငယ်ချင်းများအသုံး ၀င်သွားတယ် ဆိုရင်ပဲဝမ်းသာလှပါပြီအားပေးကြသောဘလော့ကာသူငယ်ချင်းများကိုလဲ ကျေးဇူးတင်ပါတယ်ဝင်ရောက်အားပေးပါလို့လဲတောင်းဆိုပါရစေကျွန်တော် ဘလော့ထဲမှသင်ကြိုက်နှစ်သက်ရာကိုရိုးသားစွားကူးယူမျှဝေနိုင်ပါတယ် လေးစားစွာဖြင့် နည်းပညာသူချင်းများ