- Android ဖုန်းတွေထဲက Smart Lock feature များအကြောင်း
...
Android ဖုန်းရဲ့ setting ထဲဝင်၊ ပြီး Security ထဲဝင်လိုက်ရင် Smart Lock ကိုတွေ့ရမှာပါ။ ဒီ Smart Lock feature တွေက အရမ်းကြီး secure မဖြစ်ပေမဲ့ သုံးစွဲသူကို တော်တော်လေးသက်သာစေတဲ့ feature တွေဖြစ်ပါတယ်။
(တချို့ feature တွေက Android Oreo မှာပဲ ပါဝင်တာဖြစ်ပါတယ်။ အဲလိုပဲ ဖုန်း brand တွေ OS တွေကြောင့် အားလုံးမှာမပါနိုင်ပါဘူး)
...
On-Body protection
ဒီ feature ကတော့ ဖုန်းကို အသုံးပြုပြီးနောက် လက်မှာပဲ တောက်လျှောက်ကိုင်ထားတာ၊ အိတ်ကပ်ထဲမှာ ထည့်ထားတာ မျိုးဆို ဖုန်းက User ဆီမှာပဲ ရှိတဲ့အတွက် screen lock ကျ သွားမှာမဟုတ်ပါဘူး။ ဆိုတော့ ဖုန်းကို ခနခန unlock လုပ်စရာမလိုပါဘူး။ လူ့ကိုယ်ပေါ်မှာ မရှိတော့တဲ့အချိန်၊ ဥပမာ စားပွဲပေါ်တင်လိုက်တာမျိုး တစ်နေရာရာတင်လိုက်တာမျိုးဆို ဖုန်းက lock ဖြစ်သွားမှာပါ။ ဒီ feature က ဖုန်းကို လူတစ်ယောက်ယောက် ကိုင်နေသရွေ့ lock မကျတာဖြစ်တဲ့အတွက် user သုံးတာလား တခြားလူ ယူသုံးတာလား မသိပါဘူး။ အဲအတွက် secure သိပ်မဖြစ်ပါဘူး။ ကျွန်တော် ဒီ feature ကိုသုံးတာ ဟိုးအရင် android ဖုန်းမှာ fingerprint မပါတုန်းက ခနခန pattern မသုံးချင်လို့ သုံးဖူးတာလောက်ပဲရှိပါတယ်။
...
Trusted Places
ဒါကတော့ ကိုယ် ယုံကြည်တဲ့ နေရာတစ်ခုခုကို ထည့်ထားလိုက်ရင် ဖုန်းက အဲ နေရာရောက်တိုင်း unlock ဖြစ်နေမှာပါ။ ဥပမာ ရုံး သို့မဟုတ် အိမ်ကို ယုံတယ်ဆို အဲနေရာရောက်တိုင်း lock ဖွင့်စရာမလိုပါဘူး။ ဒါက ကိုယ့်အိမ် ကိုယ်တစ်ယောက်တည်းနေရင်တော့ တော်တော်အဆင်မပြေမဲ့ feature ပါ။
...
Trusted Devices
ကိုယ့် ဖုန်းနဲ့ အမြဲတွဲသုံးနေတဲ့ device တစ်ခုနားရောက်တိုင်း ဖုန်းက unlock ဖြစ်နေမှာပါ။ ဥပမာ အိမ်က bluetooth speaker နဲ့ ဖုန်းကို အမြဲချိတ်သုံးတယ်၊ အဲ speaker ကို trusted device စာရင်းထဲထည့်ထားတယ်ဆိုရင် ကိုယ့် ဖုန်းက speaker ရဲ့ range ထဲရောက်လာပြီဆိုတာနဲ့ unlock ဖြစ်နေမှာပါ။ Car audio တွေ၊ smartwatch တွေနဲ့ တော်တော်အဆင်ပြေပါတယ်။
-----
Trusted Face
ဒါကတော့ ခုခေတ်စားနေတဲ့ face unlock ဖြစ်ပါတယ်။ ဒီမျက်နှာမြင်ရင် unlock လုပ်ပါဆိုပြီး မျက်နှာထည့်ပေးလိုက်ရုံပါပဲ။ တခြား Fingerprint, PIN, Password တို့လောက် မလုံခြုံပေမဲ့ တော်တော်လေး သုံးရလွယ် မြန်လည်းမြန်တယ်။ Pixel ဖုန်းတွေမှာတော့ unlock လုပ်တာတော်တော်လေးကို မြန်ပေမဲ့ swipe up လုပ်နေရသေးတော့ fingerprint သုံးတာ ပိုမြန်တယ်။
-----
Trusted Voice
ဒါကတော့ Ok Google သို့မဟုတ် Hey Google လို့ခေါ်လိုက်တာနဲ့ ဖုန်းက unlock ဖြစ်ပြီး command တွေကို တောက်လျှောက်ခိုင်းလို့ရမှာပါ။ မဖွင့်ထားရင်တော့ Google Assistant ကို တစ်ခုခုခိုင်းချင် မေးချင်ရင် ဖုန်းကို unlock အရင်လုပ်ရဦးမှာပါ။
ဒီ smart lock feature တွေက ပြောခဲ့သလို သုံးရ secure ဖြစ်တာထက် အခြေအနေတချို့မှာ သုံးရ လွယ်ကူအောင် အဓိကဖြစ်ပါတယ်။
မူရင်း~credit.
0 Comments: